Entertainment: ပြည့်တန်ဆာနဲ့ အထင်မှားခံရတဲ့ K-Pop အဖွဲ့

လော့စ်အိန်ဂျလိစ် လေဆိပ်မှ တာဝန်ရှိသူတွေက သူတို့ကို ပြည့်တန်ဆာ အမျိုးသမီးတွေအဖြစ် အထင်မှားခဲ့တာကြောင့် ကိုရီးယားကို လှည့်ပြန်လာခဲ့ရပါတယ်။

play

 

တောင်ကိုရီးယားမှ အမျိုးသမီး K-Pop အဆိုတော်အဖွဲ့ တစ်ဖွဲ့ရဲ့ အဖြစ်က ရယ်စရာလည်းကောင်း စိတ်ပျက်စရာလည်း ကောင်းလှပါတယ်။ တောင်ကိုရီးယား K-Pop အဆိုတော်အဖွဲ့ Oh My Girl ဟာ တေးသီချင်းအယ်လ်ဘမ် မျက်နှာဖုံး ဓာတ်ပုံရိုက်ကူးဖို့အတွက် အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

play

 

ဒါပေမဲ့လည်း ဖြစ်ချင်တော့ လော့စ်အိန်ဂျလိစ် လေဆိပ်မှ တာဝန်ရှိသူတွေက သူတို့ကို ပြည့်တန်ဆာ အမျိုးသမီးတွေအဖြစ် အထင်မှားခဲ့တာကြောင့် ကိုရီးယားကို လှည့်ပြန်လာခဲ့ရပါတယ်။ လော့စ်အိန်ဂျလိစ် နိုင်ငံတကာ လေဆိပ်မှ တာဝန်ရှိသူတွေက Oh My Girl အဖွဲ့ဝင် မိန်းမချောလေး ၈ ဦးကို တွေ့ရှိပြီးနောက် သူတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပုံစံတွေကို အကဲဖြတ်ကာ ပြည့်တန်ဆာ အမျိုးသမီးတွေအဖြစ် အထင်မှားပြီး ၁၅ နာရီကြာ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ မတ်လအတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ Oh My Girl အမျိုသမီး K-Pop အဖွဲ့ဟာ ဒီလိုနဲ့ပဲ ကိုရီးယားကို ပြန်လာခဲ့ရပါတယ်။ Oh My Girl အဖွဲ့ရဲ့ အေဂျင်စီကတော့ သူတို့ကို လေဆိပ်မှာ ထိန်းသိမ်းခဲ့တာဟာ ဥပဒေနဲ့အညီ ဟုတ် မဟုတ် တရားဝင် အကြောင်းကြားစာပို့ စုံစမ်းမေးမြန်းထားတယ်လို့ ဆိုပါတယ်။

play

 

Oh My Girl အဖွဲ့ဟာ အမေရိကန်ကို နောက်တစ်ခေါက် ထပ်သွားပြီး ဓာတ်ပုံရိုက်အုံးမလားဆိုတာတော့ မသိရသေးပါဘူး။ Oh My Girl အဖွဲ့ဝင် မိန်းကလေးတွေရဲ့ အသက်က ၁၆ နှစ်မှ ၂၁ နှစ်အတွင်း ဖြစ်ကြပါတယ်။ K-Pop လို့ ခေါ်ကြတဲ့ တောင်ကိုရီးယား ပေါ့ပ်ဂီတ အဆိုတော်အဖွဲ့တွေကို ငယ်ရွယ်တဲ့ ကိုရီးယား ယောက်ျားလေးနဲ့ မိန်းကလေးတွေ စုပေါင်းဖွဲ့စည်းလေ့ ရှိပါတယ်။ အချို့ K-Pop အဖွဲ့ဝင်တွေဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အထိ ငယ်ရွယ်ကြတယ်လို့ ဆိုပါတယ်။

Source: www.bbc.co.uk
Photo: www.bbc.co.uk, www.koreaboo.com, www.goodmomusic.net, www.soompi.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ