Entertainment: K-Pop အဖွဲ့ အမေရိကန် လေဆိပ်မှ လှည့်ပြန်ရခြင်းမှာ ဗီဇာကြောင့်ဟုဆို

, updated

Oh My Girl အဖွဲ့မှ မိန်းကလေးတွေရဲ့ ဗီဇာ မှားယွင်းနေတာကြောင့် နိုင်ငံအတွင်း ဝင်ခွင့် မပေးဘဲ ပြန်လွှတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်တဲ့ အမေရိကန် အကောက်ခွန်ဌာန အရာရှိက ပြောပါတယ်။

play

 

တောင်ကိုရီးယားမှ အမျိုးသမီး K-Pop အဆိုတော်အဖွဲ့ Oh My Girl အဖွဲ့ဝင်တွေကို လော့စ်အိန်ဂျလိစ် လေဆိပ်မှ ပြန်လွှတ် လိုက်တာဟာ ဗီဇာ မှားယွင်း နေမှုကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

Oh My Girl အဖွဲ့မှ မိန်းကလေးတွေရဲ့ ဗီဇာ မှားယွင်းနေတာကြောင့် နိုင်ငံအတွင်း ဝင်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တာဖြစ်ကြောင်း အမည်မဖော်တဲ့ အမေရိကန် အကောက်ခွန်ဌာန အရာရှိက ပြောပါတယ်။

play

 

အစောပိုင်းက Oh My Girl အဖွဲ့မှ မိန်းကလေး ၈ ဦးကို ပြည့်တန်ဆာတွေနဲ့ အထင်မှားပြီး လော့စ်အိန်ဂျလိစ် လေဆိပ်ကနေ ပြန် လွှတ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ သူတို့ကို လေဆိပ်မှာ ၁၅ နာရီကြာ ထိန်းသိမ်းထားခဲ့တယ်လို့လည်း သတင်းတွေ က ဖော်ပြခဲ့ပါတယ်။

အမေရိကန် အကောက်ခွန်ဌာနကတော့ ၁၅ နာရီ ကြာမြင့်ချိန်ဟာ လော့စ်အိန်ဂျလိစ် လေဆိပ်ကနေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ကို ပျံသန်းတဲ့ နောက်ထပ် လေယာဉ်ခရီးစဉ်ကို စောင့်ဆိုင်းရတဲ့ ကြာမြင့်ချိန်သာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ Oh My girl အဖွဲ့ဟာ သူတို့ရဲ့ တေးသီချင်း အယ်လ်ဘမ်အတွက် ဓာတ်ပုံရိုက်ဖို့ အမေရိကန်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

 

Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ