Entertainment: ဘယ်လောက်ဝေးဝေး အနမ်းတွေပေးလို့ရမယ့် Kissenger ကိရိယာတီထွင်

အနမ်းတွေကို ဖုန်းကနေတစ်ဆင့် ပေးပို့နိုင်ပါပြီ။

play

 

Kiss နဲ့ Messenger ကို ပေါင်းပြီး Kissenger လို့အမည်ပေးထားတဲ့ ကိရိယာကို အနေဝေးနေတဲ့ ချစ်သူတွေအတွက် ရည်ရွယ်ပြီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။

Kissenger စမတ်ဖုန်းအဒက်ပတာဟာ ဖုန်းကနေ အသံထွက်ပြီး အနမ်းပေးနေရတဲ့ ကြောင်တောင်တောင် လုပ်ရပ်မျိုး လုပ်စရာမလိုအောင် ကူညီပေးမှာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို အင်တာနက်ကနေတစ်ဆင့် အနမ်းစစ်စစ် ပေးပို့နိုင်မယ်လို့ ဆိုပါတယ်။

play

 

အဲဒီကိရိယာက သင့်ရဲ့ အနမ်းကို ထိတွေ့ခံစားနိုင်မှာဖြစ်ပြီး တစ်ဖက်ကလူကို ယင်းအချိန်မှာပဲ အနမ်းခံရတဲ့ အထိအတွေ့မျိုး ပေးမှာ ဖြစ်ပါတယ်။ အဲဒီကိရိယာက သင့်ရဲ့အနမ်းအင်အားကိုပါ မှတ်မိနိုင်ပြီး သင်ပေးလိုက်တဲ့ အင်အားအတိုင်း တစ်ဖက်ကို ပြန်နမ်းပေးမှာ ဖြစ်ပါတယ်။

play

 

ဆီလီကွန်နှုတ်ခမ်းတစ်ခုအောက်မှာ တိကျလွန်းတဲ့ အင်အား အာရုံခံကိရိယာတွေ ထည့်သွင်းဖန်တီးထားတာ ဖြစ်ပါတယ်။ ယင်းအာရုံခံကိရိယာတွေက အနမ်းပေးနေချိန်မှာ နှုတ်ခမ်းတွေရဲ့ အစိတ်အပိုင်းများစွာက မတူညီတဲ့အင်အားတွေကို တိုင်းတာကာ ထပ်တူညီတဲ့ အနမ်းတစ်ခုကို တစ်ဖက်ကို ပြန်ပေးပို့နိုင်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Source & Photos : engineering.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ