Entertainment: ခရစ္စမတ်မှာ နာမည်ကျော် Kpop အနုပညာရှင်တွေ ဖျော်ဖြေ

အကောင်းဆုံးအဖြစ် သတ်မှတ်ခံလိုက်ရတာကတော့ EXO အဖွဲ့ပဲ ဖြစ်ပါတယ်။

play

 

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် Music Bank ရုပ်သံစီးရီး အစီအစဉ်က ဒီနှစ် ခရစ္စမတ် ဖျော်ဖြေမှုမှာ တကယ့် နာမည်ကျော် အဆိုတော်တွေကိုပဲ ရွေးခဲ့ပါတယ်။

Music Bank ဟာ KBS ရုပ်သံလွှင့်ဌာနက ပြုလုပ်တဲ့ ပရိုဂရမ်တစ်ခုဖြစ်ပြီး ဂီတဆိုင်ရာ အကြောင်းအရာတွေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ကာလအတွက် အထူးဖျော်ဖြေမှု အပိုင်းမှာတော့ နာမည်ကျော် လူကြိုက်များတဲ့ အဆိုတော်တွေဖြစ်တဲ့ EXO, CNBLUE, Red Velvet,AOA,INFINITE တို့ အပါအဝင် အခြား နာမည်ကြီးအဖွဲ့တွေကိုလည်း ရွေးချယ် တင်ဆက်စေခဲ့တာပါ။

တစ်ဖွဲ့ချင်း တင်ဆက်မှု အပြီးမှာတော့ ပါဝင်ဖျော်ဖြေသူ အဖွဲ့တွေနဲ့ အဆိုတော်တွေ အားလုံး ပေါင်းစည်းပြီး Jingle Bell သီချင်းကို အတူတကွ သီဆိုခဲ့ကြပါတယ်။

Source & Photo : Allkpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ