play

 

Krampus ဇာတ်ကားဟာ မြောက်အမေရိကရဲ့ Box Office မှာ ဒုတိယမြောက် နေရာယူထားပါတယ်။ ခရစ်စမတ်ကာလကို ဇာတ်အိမ်တည်ထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ပါ။

တကယ်တော့ Krampus ဆိုတာ ကလေးဆိုးတွေကို လိုက်လံဖမ်းဆီး အပြစ်ပေးတဲ့ ဒဏ္ဍာရီလာ မိစ္ဆာတစ်ကောင်ပါ။ မိသားစု တစ်စုဟာ ခရစ်စမတ်ကာလအတွင်း နှင်းမုန်တိုင်းမိလို့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ဇာတ်လမ်းက စပါတယ်။ အဲ့ဒီ မိသားစုဟာ အိမ်ထဲမှာ ပိတ်မိနေတုန်း Krampus ကို ရင်ဆိုင်ရတဲ့အပြင် အခြား ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်ရပ်တွေနဲ့ပါ ကြုံရတာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် Krampus က အလိုအလျောက် ရောက်လာပြီး ခြောက်လှန့်တာမဟုတ်ဘဲ တစ်စုံတစ်ယောက်က ခေါ်လို့ ရောက်လာမှန်း သိလိုက်ရတဲ့နောက် ဇာတ်လမ်းရဲ့ လှည့်ကွက်တွေနဲ့ ခရစ်စမတ်ကာလကို ခြောက်ခြောက်ခြားခြား ဖြတ်သန်းရတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb ရဲ့ rating သတ်မှတ်ချက်မှာလည်း 7/10 ရထားလို့ လူကြိုက်များတဲ့ ဇာတ်ကားကောင်းဖြစ်မှာ သေချာပါတယ်။

Krampus ကို မကြာခင်ကာလအတွင်း မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video