Entertainment: Lဘောက်နူးရဲ့ ပြိုင်ပွဲဝင် ဝတ်စုံသည် ကူးယူထားခြင်း မဟုတ်ကြောင်း ငြင်းဆို

Graphic Design Photo တစ်ပုံရဲ့ ကိုယ်နေဟန်ထားအမူအရာကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ကြောင်းနှင့် Organizationနှင့် Designer အနေနဲ့ ၀တ်စုံချုပ်လုပ်နေစဉ် ပုံတူကူးချခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

play

 

Miss Supernational ပြိုင်ပွဲဝင် Lဘောက်နူးရဲ့ ပြိင်ပွဲဝင် အမျိုးသားဝတ်စုံနဲ့ပက်သတ်ပြီးတော့ မူပိုင်ခွင့် အငြင်းပွားဖွယ်ရာများနဲ့ ပက်သက်ပြီးတော့ Miss Golden Land Myanmar Organization မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

Miss Golden Land Myanmar Organization မှ အဆိုပါ ၀တ်စုံချုပ်လုပ်ပြီးစီးတဲ့နောက်မှ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့တဲ့ မူရင်းပိုင်ရှင်ထံမှ မဟုတ်တဲ့ Graphic Design Photo တစ်ပုံရဲ့ ကိုယ်နေဟန်ထားအမူအရာကို မှီငြမ်း ရိုက်ကူးခဲ့ခြင်းဖြစ်ကာ Organization နှင့် ဝတ်စုံ ဖန်တီးချုပ်လုပ်ခဲ့သူ Designer မပုံ့(My Favourite) အနေနဲ့ ၄င်း ၀တ်စုံဖန်တီးချုပ်လုပ်နေစဉ်တွင် ပုံတူကူးချခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ထားပါတယ်။

play

 

ထို့အပြင် Organization မှ Graphic Designer ပုံ၏ ပိုင်ရှင်အား Credit ပေးရန် စုံစမ်းခဲ့သော်လည်း မသိရှိခဲ့ရကြောင်းနှင့် Facebook User တစ်ဦးကနေ Comment ရေးသားဖော်ပြလာတဲ့အခါမှ သိရှိခဲ့ရပြီး ၊ နိုဝင်ဘာလ (၂၂) ရက်နေ့ ၊ တနင်္ဂနွေနေ့ ည (၇) နာရီတွင် ၄င်းပုံ ပိုင်ရှင်ဖြစ်သူ “မစုမွန်” ထံ ဆက်သွယ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းပြထားပါတယ်။

Photo: Miss Supernational Facebook, Myanmar Model Girls Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ