Entertainment: ညနေခင်း ပွဲတက်ဝတ်စုံ ပြိုင်ပွဲမှာ Lဘောက်နူး ဆုရ

ဒီဝတ်စုံကို ဒီဇိုင်နာ ရှီလာက ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

play

ဒီဇိုင်နာ Shilar ရဲ့ လက်ရာ ညနေခင်းဝတ်စုံ

ပိုလန်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ Miss Supernational 2015 ပွဲမှာ မြန်မာနိုင်ငံရဲ့ အလှမယ် Lဘောက်နူးက ညနေခင်း ပွဲတက်ဝတ်စုံပြိုင်ပွဲမှာ ဆုရခဲ့ပါတယ်။

အကောင်းဆုံး ညနေခင်း ပွဲတက်ဝတ်စုံ ဆန်ကာတင် သုံးဦးရွေးခဲ့ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံရဲ့ အလှမယ်က ဆုရခဲ့တာပါ။ ဒီ​ဝတ်စုံကို ဒီဇိုင်နာ Shilar က ဖန်တီးပေးထားတာဖြစ်ပါတယ်။

play

Miss Supernational 2014 နှင့်အတူ

Miss Social Mdedia Presentation Award အတွက် voting တွေလည်း ပေးလို့ရနေပြီဖြစ်လို့ Miss Supernational ဖေ့စ်ဘွတ်စာမျက်နှာက Lဘောက်နူးရဲ့ ပုံကိုလည်း Like လုပ်ပေးလို့ရပါတယ်။ Like အများဆုံး အလှမယ်က ဆုရမှာဖြစ်ပြီး vote ကိုတော့ ဒီဇင်ဘာ ၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀ မှာ ပိတ်မှာပါ။

Photo : Miss Supernational Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ