Entertainment: Lဘောက်နူးမှ NLDအမှတ်တံဆိပ်အသွင်ဖန်တီးထားသော ဝတ်စုံဖြင့် ယှဉ်ပြိုင်မည်

, updated

မြန်မာအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိစွာ လှပတင့်တယ်ခြင်းကို ကမ္ဘာ့အလယ်တွင် ထုတ်ဖော်ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် အမြင်ရှုပ်ထွေးအောင် မပြုလုပ်ထားဘဲ ရိုးရှင်းစွာဖန်တီးထားသည်။

play

 

၂၀၁၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၈) ရက်မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ပိုလန်နိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် Miss Supernational 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်မည့် Lဘောက်နူးမှ အမျိုးသားဝတ်စုံအဖြစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမှတ်တံဆိပ်အသွင်ဖန်တီးထားသော ဝတ်စုံကို ဝတ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

play

 

အဆိုပါ ဝတ်စုံကို ဒီဇိုင်နာမပုံ့ (My Favourite) က ဖန်တီးချုပ်လုပ်ပေးထားပြီး မြန်မာအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိစွာ လှပတင့်တယ်ခြင်းကို ကမ္ဘာ့အလယ်တွင် ထုတ်ဖော်ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် အမြင်ရှုပ်ထွေးအောင် မပြုလုပ်ထားဘဲ ရိုးရှင်းစွာဖန်တီးထားသည်။

Miss Supernational ပြိုင်ပွဲကို နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စားပြုအလှမယ်လေးများမှ ၀င်ရောက်ယှဉ်ပြိုင်နေသည်။

Photo: L Bauk Nu Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ