Entertainment: ဘီယွန်းဆေးရဲ့ Lemonade အယ်ဘမ်နဲ့ပက်သက်ပြီး အဒဲလ်ဘာပြောလဲ

, updated

ဘီယွန်ဆေးကို အဒဲလ်က နှစ်သက်လေးစားကြောင်း ပရိသတ်တွေ သိရှိရတာ ခုမှ မဟုတ်ပါဘူး။

play

 

ဘီယွန်းဆေးရဲ့ အသစ်ထွက်ရှိထားတဲ့ အယ်ဘမ်သစ် Lemonade နဲ့ပတ်သက်ပြီး အဒဲလ်က သူ့ရဲ့ ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။

 "ပြောစရာစကားကို မရှိတော့ပါဘူး။ ဘီယွန်းဆေးဟာ ကျွန်မ အလေးအမြတ်ပြုရတဲ့ အားအတက်ရဆုံး လူတစ်ယောက်ဖြစ်ပါတယ်" လို့  ဘီယွန်းဆေးကိုဖက်ပြီး တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ အတူ Instagram မှာ အဒဲလ်က တင်ခဲ့တာဖြစ်ပါတယ်။

play

 

 ဒါ့အပြင် အဒဲလ်က ဘီယွန်းဆေးရဲ့အလှ၊ နှစ်လိုဖွယ်ကောင်းမှုနဲ့ အလုပ်လုပ်ပုံတွေကိုလည်း ချီးကျူးခဲ့ပါသေးတယ်။ ဘီယွန်ဆေးကို အဒဲလ်က နှစ်သက်လေးစားကြောင်း ပရိသတ်တွေ သိရှိရတာ ခုမှ မဟုတ်ဘဲ ယခင်ကတည်းက ပြောခဲ့ဖူးပါတယ်။ 

play

 

ဘီယွန်းဆေးလို ဖြစ်ဖို့က သူ့ဘဝရဲ့ ဦးစားပေးဖြစ်တာကို သူ့အကြောင်းသိတဲ့ လူတိုင်း သိတယ်လို့ Time မဂ္ဂဇင်းကို ဖြေခဲ့ဖူးပါတယ်။

Photos & Source: billbord

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ