Entertainment: မျိုးကြီးရဲ့ Live 90 တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

, updated

အိုင်းရင်းခရော့စ်မျိုးဆက်သစ်အနုပညာရှင်များကလည်း အဆိုတော် မျိုးကြီးနှင့်အတူ သီချင်းတစ်ပုဒ်စီ ဖျော်ဖြေပေးကြမည်ဖြစ်သည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ည (၈) နာရီခွဲတွင် Myanmar Event Park ၌ အဆိုတော် မျိုးကြီး၏ Live 90 တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

play

 

လက်မှတ်များကို ကျပ် ၁၀,၀၀၀ ၊ ကျပ် ၁၅,၀၀၀ ၊ ကျပ် ၂၅,၀၀၀ သတ်မှတ်ထားကာ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ 5 Network အရောင်းပြခန်း ၊ ဟံသာဝတီအဝိုင်းအနီးရှိ 4 Digital ပင်မ အရောင်းပြခန်း ၊ The Sun Music Production နှင့် ရန်ကင်း City Mart တို့မှာ ရောင်းချပေးနေပြီဖြစ်သည်။

play

 

အဆိုပါဖျော်ဖြေပွဲတွင် အိုင်းရင်းခရော့စ်မျိုးဆက်သစ်အနုပညာရှင်များကလည်း အဆိုတော် မျိုးကြီးနှင့်အတူ သီချင်းတစ်ပုဒ်စီ ဖျော်ဖြေပေးကြမည်ဖြစ်သည်။ 4HD နှင့် 5 Special ရုပ်သံလိုင်းများမှ ည ၉ နာရီတွင် ပြသပေးမည်ဟု သိရသည်။

Photo: Myo Gyi Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ