Local Celebrity: နှုတ်ခမ်းနီရဲ့ စီးရီး တစ်ပြိုင်တည်း ထုတ်မယ့် နီနီခင်ဇော်

ဒီနှစ်မိုးကုန်ပိုင်းလောက်မှာ ဖြန့်ချိနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

နီနီခင်ဇော်ရဲ့ Super Red အမည်ရှိတဲ့ နှုတ်ခမ်းနီကို အနီရောင် MTVနဲ့အတူ ပရိသတ်တွေ လက်ထဲ မကြာခင် ရောက်လာတော့မှာ ဖြစ်ပါတယ်။

နှုတ်ခမ်းနီ ထုတ်လုပ်ဖို့ကို အချိန် (၂)နှစ်လောက် ယူခဲ့ရပြီး သူမရဲ့ ပရိသတ်များအတွက် အမှတ်တရဖြစ်အောင် ထုတ်လုပ်လိုက်တာ ဖြစ်တယ်လို့ သူမ ဆိုပါတယ်။

play

 

" ပရိသတ်အတွက် နီနီခင်ဇော်ဆိုတဲ့ နာမည်လေးနဲ့ ပရိသတ်လက်ထဲရောက်စေချင်တယ်။ အနီရောင်ဆိုတဲ့ အခွေကိုလည်း ဒီနှုတ်ခမ်းနီလေး ထွက်မှာမို့လို့ ပေးခဲ့တာပါ။ သီချင်းလည်း အဲ့တိုင်းပါပဲ။ နီနီအနေနဲ့ ဒါက စီးပွားရေး လုပ်တာ မဟုတ်ပါဘူး။ ဈေးသက်သက်သာသာနဲ့ ပရိသတ်တွေ လက်ထဲကို နီနီရဲ့ အမှတ်တရ ပစ္စည်းလေး ရောက်သွားစေချင်တာပါ"လို့ သူမက ပြောပါတယ်။

play

 

ဒီနှစ်မိုးကုန်ပိုင်းလောက်မှာ ထွက်မယ့် MTV အခွေထွက်တဲ့ နေ့မှာပဲ နှုတ်ခမ်းနီကိုလည်း ကံစမ်းမဲအနေနဲ့ ဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

Source : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ