Local Celebrity: သမီးလေးအတွက် ရူးမတတ် ခံစားဖူးတဲ့ ခိုင်သင်းကြည်

အခုချိန်မှာတော့ ပညာရေးကိုပဲ ဦးစားပေးထားခိုင်းတယ်လို့ သူမက ဆိုပါတယ်။

play

 

ပေါင်လည်းမပြည့် လလည်း မစေ့ဘဲနဲ့ မွေးခဲ့တဲ့ ထိပ်ထိပ်လေးကို မခိုင်နဲ့ ကိုခန့်နိုင်က မလျော့တဲ့ အချစ်နဲ့ ချစ်ကြတယ်လို့ ဆိုပါတယ်။ ခုနှစ်လနဲ့ ရုတ်တရက် မွေးလိုက်ရတဲ့ ထိပ်ထိပ်လေးအတွက် အရမ်းစိတ်ပူပြီး ရူးမတတ် ခံစားရတယ်လို့လည်း သူမက ဆိုပါတယ်။

play

 

"နှစ်ပေါင်တည်းနဲ့ မွေးလာတဲ့ ကလေးလေ။ လလည်းမစေ့ဘူး။ ခုနစ်လနဲ့ ရုတ်တရက် မွေးလိုက်ရတော့ ဆရာဝန်ကလည်း ရှင်ဖို့မသေချာဘူးလို့ ပြောလိုက်ပြီးသားဆိုတော့ ကလေးအတွက် အရမ်းစိတ်ပူပြီး ရူးမတတ် ခံစားခဲ့ရတယ်။ အဲဒါကြောင့် ဒီကလေးလေးကိုလည်း ကြီးလာရင် ရိုက်ရက် ဆူရက် ပါ့မလားလို့ရော တွေးခဲ့သေးတယ်။ အစ်မရဲ့ဘ၀မှာ တစ်ခါမှ စိတ်ဆင်းရဲတာမျိုးမရှိခဲ့ဘူး။ ကလေးမွေးခါမှ အရမ်းစိုးရိမ်ပြီး ပူလောင်ခဲ့ရတယ်။ အဲဒါကြောင့် သားသမီးဆိုတာ တစ်ယောက်ရှိတော့လည်း တစ်ယောက်သံယောဇဉ်မီးတွေမို့ နောက်တစ်ယောက်တောင် မမွေးရဲတော့ဘူး။ ထိပ်ထိပ်လေးအတွက် နေ့ည စိတ်ကပူပင်ခဲ့ရတယ်။ သွေးနုသားနုမှာ စိတ်တအားပူခဲ့ရပေမဲ့ ခုထိပ်ထိပ်ကလေးက ကြီးလာတဲ့အခါမှာ အရမ်း မဆိုးဘူး"လို့ သူမက ပြောပါတယ်။

play

သမီးလေးအတွက် ပညာရေးကိုပဲ ဦးစားပေးထားခိုင်းပြီးတော့ ပညာရေးပြီးသွားပါက ကလေးဝါသနာပါတဲ့ လမ်းကြောင်းလေးတွေအတွက် ပံ့ပိုးပေးသွားမယ်လို့ ခိုင်သင်းကြည်က ဆိုပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ