Local Celebrity: ကျင်းပမယ့် ရက်ထက် တစ်ပတ်နောက်ဆုတ်လိုက်ရတဲ့ ဘောလုံးပြိုင်ပွဲကြီး

ရာသီဥတု ပူပြင်းတာကြောင့် နောက်ဆုတ်လိုက်ရတာလို့ သိရပါတယ်။

play

 

အနုပညာရှင်များ ပေါင်းစုံပါဝင်မယ့် လေးသင်းပတ်လည် ဘောလုံးပြိုင်ပွဲကြီးကို ရာသီဥတု ပူပြင်းတာကြောင့် ကျင်းပမယ့် ရက်ထက် တစ်ပတ် နောက်ဆုတ်လိုက်ရတယ်လို့ သိရပါတယ်။ အဲ့ဒီ ဘောလုံးပြိုင်ပွဲကြီးကို မေလ (၇)ရက်နဲ့ (၈)ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားရာက ယခုအခါမှာ မေလ(၁၄)ရက်နေ့နဲ့ (၁၅)ရက်သို့ ရွှေ့ပြောင်းလိုက် တယ်လို့ ဆိုပါတယ်။

play

 

''ရာသီဥတုက အရမ်းကို ပူပြင်းတဲ့အတွက် ကျွန်တော်တို့  စီစဉ်ထားတဲ့ အနုပညာရှင်ပေါင်းစုံ ပါဝင်မယ့် လေးသင်းပတ်လည် ဘောလုံးပြိုင် ပွဲကို ရက်ရွှေ့လိုက်တာပါ။ အခုလည်း ဒီဘောလုံးပွဲက ရလာတဲ့ အကျိုးအမြတ်တွေကို လှူဒါန်းဖို့အတွက် စီစဉ် ထားပါတယ်။ ဘယ်နေရာကိုလှူဒါန်းမယ် ဆိုတာကတော့ အတိအကျ မဆုံးဖြတ်ရ သေးပါဘူး''ဟု Myanmar Media 7 မှ ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြောပါတယ်။

play

 

အနုပညာရှင်ပေါင်းစုံပါဝင်တဲ့ လေးသင်းပတ်လည် ဘောလုံးပြိုင်ပွဲတွင် ပထမဆုသိန်း၂ဝ၊ ဒုတိယဆု ၁၅ သိန်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source & Photo : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ