Local Celebrity: ကြည်ဖြူသျှင်နဲ့ စာချုပ်ချုပ်လိုက်တဲ့ အလင်းရောင်

ဇာတ်ကား (၂၀) စာချုပ်ချုပ်လိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာ ဒါရိုက်တာဝိုင်းနဲ့ "3 Girl" ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတဲ့ အလင်းရောင်ကို ဒါရိုက်တာ ကြည်ဖြူသျှင်က ဇာတ်ကား (၂၀) ရိုက်ကူးဖို့အတွက် စာချုပ်ချုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

play

အလင်းရောင်ကို မင်းသားတစ်ယောက်ဖြစ်နိုင်မယ်လို့ ယုံကြည်တာကြောင့် လက်တွဲဖြစ်တာပါလို့ ကြည်ဖြူသျှင်က ဆိုပါတယ်။

"အလင်းကို မဟော်ဂနီနဲ့ လက်တွဲကတည်းက သူဟာ မင်းသားတစ်ယောက်ဖြစ်နိုင်မယ့် သူလို့ အစ်မ မြင်မိတယ်။ ဒီခေတ် မိန်းကလေးတွေ ကြိုက်တဲ့ပုံစံ မျိုးလည်းရှိတယ်။ နောက်ပြီး သူ့မှာ စတိုင်ရှိတယ်။ နောက်တစ်ခုက “ First Love ”ဆိုတဲ့သူ့ရဲ့ဇာတ်ကားရုံတင်တဲ့ အခါသွား ကြည့်လိုက်တော့ သူဟာ အိုက်တင် အရည်အသွေး အတိုင်းအတာ တစ်ခုအထိ ပြည့်ဝတဲ့ သူတစ်ယောက်ဖြစ်နေတာ တွေ့ရတဲ့အတွက် စာချုပ်ချုပ်ဖို့စဉ်းစားမိတယ်။ အလင်းရောင်က ကျွန်မတို့ အောင်နိုင်ရေးကာလတွေမှာ အတူတူသွားခဲ့တဲ့ အခါမှာ အလင်းရောင် ဟာ လိမ္မာရေးခြားရှိတဲ့ ကလေးတစ် ယောက် ဆိုတာလည်း သိရတယ်။ သူက ကြိုးလည်းကြိုးစားတယ်။ အိုက်တင်ပိုင်းမှာ လည်းကောင်းတယ်။ အဲဒါကြောင့် လက်တွဲဖြစ်တာပါ။ စာ ချုပ်ချုပ်တယ် ဆိုပေမယ့်လည်း တအားကြီး တင်းကျပ်တာမျိုးတော့ မရှိ ဘူး”လို့ သူမက ပြောပြပါတယ်။

play

 

စာချုပ်ကိုလည်း ဇွန်လအတွင်းမှာ ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Sunday Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ