Local Celebrity: မွေးနေ့လုပ်ဖို့ ပိုက်ဆံကြိုစုထားတဲ့ ရွှေမှုံရတီ

အနုပညာ မိသားစုတွေနဲ့အတူ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်လို့ ဆိုပါတယ်။

play


မေ (၁၆) ရက်နေ့မှာ ကျရောက်မယ့် ရွှေမှုံရဲ့ မွေးနေ့ပွဲကို နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မွေးနေ့ပွဲကို ကျင်းပဖို့အတွက် အရင်ကတည်းက ပိုက်ဆံကြိုစုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play


"ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် တစ်ခါမှတော့မလုပ်ဖူးသေးဘူး။ ဒီနှစ်မွေးနေ့က (၁၈)နှစ်ပြည့်မွေးနေ့လည်း ဖြစ်တယ် မွေးနေ့လုပ်ဖို့ကိုလည်း အရင်ကတည်းက ပိုက်ဆံစုထားတာဆိုတော့ လုပ်ချင်တဲ့ပုံစံလေး လုပ်လို့ရသွားပေါ့။ အနုပညာ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လေးလည်း ကျင်းပ ချင်တာလည်းပါပါတယ်"လို့ သူမက ပြောပါတယ်။

play


ရွှေမှုံရတီ ရဲ့ အသက် (၁၈) နှစ်ပြည့် မွေးနေ့ပွဲကို နိုဗိုတယ်ဟိုတယ်တွင် အနုပညာရှင် မောင်နှမများနဲ့အတူ We Love အဖွဲ့သားများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Myanmar Celebrity

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ