Local Celebrity: အချစ်ရေးက အေးအေးပဲဆိုတဲ့ ခင်ဝင့်ဝါ

အချစ်ကတော့ လူတိုင်းမှာ ရှိတယ်လို့ ဆိုပါတယ်။

play

 

ပရိသတ်အားပေးမှု ရရှိလာတဲ့ ခင်ဝင့်ဝါက လက်ရှိမှာ ပြင်ဦးလွင်တွင် ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။ "ဘိုင့်ဘိုင်ကောင်းဘွိုင်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အောင်ရဲလင်း၊ ဝင့်ယမှုံလှိုင်တို့နဲ့အတူ ရိုက်ကူးနေတာပါ။

play

 

အလုပ်တွေ အဆက်မပျတ်လုပ်နေတဲ့ ခင်ဝင့်ဝါရဲ့ အချစ်ရေးကကော ဘယ်လိုရှိနေမလဲ မေးကြည့်တော့ " အေးအေး ဆေးဆေး သာသာ ယာယာပါပဲ"လို့ ဆိုပါတယ်။

play

 

ချစ်သူရှိနေပြီလား ဒါမှမဟုတ် တစ်ယောက်တည်းလားလို့မေးတော့လည်း "“အေးအေး ဆေးဆေး သာသာ ယာယာပါပဲ။ အချစ်ကတော့ လူတိုင်းမှာ ရှိကြတာပါပဲ"လို့ ပြန်ဖြေခဲ့ပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ