Local Celebrity: ရည်းစားနဲ့ကွဲတာ အသည်းကွဲစရာ မဟုတ်ဘူးဆိုတဲ့ ထွန်းထွန်း

အသည်းကွဲရမယ့် အရွယ်လည်း မဟုတ်တော့ပါဘူးလို့ သူက ဆိုပါတယ်။

play

 

အခုချိန်မှာ ကျွန်တော့်အတွက်ကတော့ သမီးရည်းစားလမ်းခွဲတာ အသည်းကွဲစရာမဟုတ်ပါဘူးလို့ ထွန်းထွန်းက ဆိုပါတယ်။ အရင်တုန်းက အချစ်ရေးနဲ့ပတ်သက်လာရင် ဘယ်သူနဲ့တွဲတယ်ဆိုတာ အများကမေးစရာမလိုအောင် ထားတယ်လို့ သူကပြောပါတယ်။

play

 

"အခုနောက်ပိုင်းမှာတော့ လောကကြီးက ဘယ်အရာမှ မသေချာဘူးဆိုတာကို နားလည် သဘောပေါက်လာတယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် သမီးရည်းစားတွေက လမ်းခွဲကြတာသဘာဝပါ။ ဒါကိုကြေကွဲနေ လို့မှ မရတာ။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေ ဆက်လုပ်ရမယ်။ တစ်ဖက် လူမှာလည်း အခက်အခဲရှိမယ် ကိုယ့်မှာလည်း အခက်အခဲရှိမယ်ဆိုရင် အဆင်မပြေရင် လမ်းခွဲရတာပဲလေ။ ကိုယ့်ဘက်ကလည်း အကောင်းဆုံး ဖြစ်အောင်ပြင်ဆင်တယ်။ သူ့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တယ် ဆိုပေမယ့် နှစ်ဦးနှစ်ဖက် အဆင်မပြေခဲ့ရင် လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ လင်မယားတွေတောင်ကွဲသေးတာပဲ"လို့ သူက ဆိုပါတယ်။

ပရိသတ်တွေက ကျွန်တော့်ကို အသည်းကွဲနေတယ်လို့ ထင်နေကြတာ ကျွန်တော်အသည်းမကွဲပါဘူးလို့ သူက ဆိုလိုက်ပါတယ်။

Source : Sunday Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ