Local Celebrity: ရှစ်နှစ်ကြာမှ ပိတ်ကားပေါ် ပြန်ရောက်လာတဲ့ ကျော်သူ

, updated

ပရဟိတသမားကြီး ဦးကျော်သူရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ကြည့်ရတော့မှာ ဖြစ်ပါတယ်။

play

 

ရုပ်ရှင်လောကနဲ့ ရှစ်နှစ်ကြာ ဝေးကွာသွားခဲ့တဲ့ မင်းသားကြီး ကျော်သူကို မကြာမီ ရက်ပိုင်းမှာ ရုပ်ရှင် ပိတ်ကားပေါ်တွင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကြီးကတော့ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။

ဇာတ်အိမ်ပိုင်းကိုပြောစရာမလိုပေမဲ့လည်း အသံပိုင်းလိုအပ်ချက်လေးတွေရှိတယ်လို့ ဦးကျော်သူက ဆိုပါတယ်။

play

 

"ရှစ်နှစ်တာကာလမှာ ပိတ်ကားပေါ်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ရတဲ့ ရုပ်၊ ကာရိုက်တာ အရကတော့ ဘာမှ သိပ်မရှိပါဘူး။ အသံပိုင်းလေတော့ လိုအပ်ချက်တွေ ရှိတယ်လို့ ပရိသတ်တွေတစ်ယောက်အနေနဲ့ မြင်တယ်"လို့ သူက ပြောပါတယ်။

play

 

ဒီဇာတ်ကားကြီးမှာ ဦးကျော်သူနဲ့အတူ ရန်အောင်၊ မင်းဦး၊ မေမြတ်နိုး၊ စံရတီမိုးမြင့် စတဲ့နာမည်ကြီး ဝါရင့် သရုပ်ဆောင်တွေ အများကြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ