Local Celebrity: ဖြိုးငွေစိုး ဘာလို့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ဖြစ်တာလဲ

, updated

ဇာတ်ကားတစ်ကားမှာ တစ်ခန်းပဲပါရပါရ နှစ်ခန်းပဲ ပါရပါရ ကျွန်တော်ကြိုက်ရင် ရိုက်ပါတယ်လို့ ဆိုပါတယ်။

play

 

ဗီဒီယိုဇာတ်ကားတွေ များစွာ ရိုက်ကူးနေရတဲ့ ဖြိုးငွေစိုးက ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးထားတာ တစ်ကားမှ မရှိပါဘူးလို့ သူက ဆိုပါတယ်။ အဲ့လို ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်ရခြင်းကိုလည်း သူက ယခုလို ပြောပြခဲ့ပါတယ်။

play

 

"ကျွန်တော် ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ဖြစ်ဘူးဆိုတာက လာငှားမယ့်သူမရှိတာပါ။ ကျွန်တော့်ရဲ့ ပြဿနာက အဲဒီလိုမျိုးဖြစ်နေတာပါ။ တချို့ကားတွေဆိုရင် ဒီဇာတ်ကားကို ငဖြိုးကိုသွားခေါ်ရင် ဒီကောင်ရိုက်ပါ့မလားမသိဘူး။ ဒီဟာမှာ ဖြိုးငွေစိုးကို သွားခေါ်ရင် ဈေးတွေအများကြီးတောင်းမယ်ထင်တယ်ဆိုပြီးတော့ သူ့တို့ဘာသာ ဆုံးဖြတ်ပြီးတော့ ကျွန်တော့်ဆီကို ရောက် မလာကြတော့ဘူး။ ကျွန်တော့်ကို လာပြီးတော့ကမ်းလှမ်းတဲ့ ဇာတ်ကားတွေဆိုရင် ကျွန်တော်ငြင်းတဲ့ ဇာတ်ကားက မရှိသလောက်ကို ရှားပါတယ်။ ကျွန်တော်က ပိုက်ဆံကိစ္စနဲ့ စကားပြောရမှာကိုလည်း ပျင်းတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်က မငြင်းတတ်ဘူး။ အဲဒါတွေကို မသိကြဘဲနဲ့  ဘယ်လိုတွေ နားလည်မှုလွဲလဲ တော့မသိဘူး။ အဲဒီလိုတွေနဲ့ ကျွန်တော်က ရုပ်ရှင်ဇာတ် ကား ရိုက်ရတာတွေနည်းတယ်" လို့ သူက ဆိုပါတယ်။

play

 

လက်ရှိမှာတော့ "လတ်စားချေနတ်သမီး" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတယ်လို့ သိရပါတယ်။ ဟာသဇာတ်ကားတွေ အရိုက်များတဲ့ သူကတော့ အသက်အရွယ်ရလာတာကြောင့် ဟာသကားတွေကို လျှော့ချင်လာတယ်လို့ ပြောပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ