Local Celebrity: "သရဲဆိုတာ ချိုနဲ့လား.ဟေ့" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

, updated

ကန်တော့ပွဲပေး အခမ်းအနားကို စိမ်းလန်းစိုပြည်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ အိအိခိုင် ရိုက်ကူးမယ့် သရဲဆိုတာချိုနဲ့လား ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲအခမ်းအနားကို ဒီနေ့မနက်(၉)နာရီ စိမ်းလန်းစိုပြည်မှာ ကျင်းပခဲ့ပါတယ်။ နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ အကယ်ဒမီ ရန်အောင် ၊ မင်းမော်ကွန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ တို့ ပါဝင်သလိုပဲ သရုပ်ဆောင်သစ် နှစ်ဦးဖြစ်တဲ့ အဆိုတော် ဇွဲပြည့်နဲ့ ယမင်းမေဦးတို့လည်း ပါဝင်ထားပါတယ်။

play

 

အဲ့ဒီဇာတ်ကားကြီးကို မေလ (၂၄) ရက်နေ့မှာ ကလောမြို့ကို သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ သရဲဇာတ်ကားလေး ဖြစ်သလို ချစ်ခြင်းမေတ္တာတွေ ပါဝင်ထားတဲ့ အဲ့ဒီဇာတ်လမ်းလေးကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း ဒါရိုက်တာက ဆိုပါတယ်။

play

 

လူတစ်ဦးတစ်ဦးနဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးတစ်ခုဖြစ်သလို လူ့လောကမှာ မရှိတဲ့ နာနာဘဝတွေကို ချစ်ခြင်းမေတ္တာ ထားနိုင်ရင်ကော မကောင်းဘူးလားဆိုတဲ့  ရည်ရွယ်ချက်လေးနဲ့ ရိုက်ကူးတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ