Local Celebrity: နာမည်ကြီး အဆိုတော်တွေရဲ့ ရန်ပုံငွေပွဲ စင်ကာပူတွင် ကျင်းပမည်

ပြည်ပရောက် မြန်မာတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

နာမည်ကြီးတေးသံရှင်တွေ များစွာ ပါဝင်ဖျော်ဖြေတင်ဆက်မယ့် ပညာရေး ရန်ပုံငွေဂီတပွဲတော်ကို စင်ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဂီတပွဲတော်က ရရှိတဲ့ ငွေကြေးတွေကို ပညာရေးကဏ္ဍမှာ အမှန်တကယ် လိုအပ်နေတဲ့ နေရာများတွင် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ပညာရေးရန်ပုံငွေ ဂီတပွဲတော်ကို ဇွန်လ (၂၆) ရက်နေ့တွင် စင်ကာပူနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပြီးတော့ အဲ့ဒီ ဂီတပွဲမှာ ဇော်ပိုင်၊ အောင်ထက်၊ သောမတ်စ်၊ ကောင်းမြတ်၊ စစ်သွေး၊ ဆုန်သင်းပါရ်၊ ကာရိုလိုင်း၊ တို့က ဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ အဲ့ဒီပွဲမှာ ပါဝင်တဲ့ တေးသံရှင် စစ်သွေးက ဆိုပါတယ်။

ဖျော်ဖြေပွဲ လက်မှတ်များကို စင်ကာပူဒေါ်လာ ၄၀ ၊ ၅၀ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

Source :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ