play

 

"ချစ်သူရွေးမယ်"၊ "အချစ်ကိုရှာဖွေတွေ့ရှိခြင်း" စတဲ့ သီချင်းခွေထွက်ထားတဲ့ သရုပ်ဆောင်စိုးပြည့်သဇင်က တတိယစီးရီးအတွက် သီချင်းတွေ စုနေပြီလို့ ဆိုပါတယ်။ အဲ့ဒီအခွေအတွက် သီချင်းငါးပုဒ်လောက် ရထားပြီးတော့ တတိယ စီးရီးထဲမှာ တေးရေး ညီမင်းခိုင် သီချင်းတွေ အများဆုံး ပါဝင်တယ်လို့ သူမက ပြောပါတယ်။

play

 

"ဆရာ ညီမင်းခိုင်ရေးတဲ့ သီချင်းတွေက သမီးအဆိုနဲ့ ထပ်တူကျသလို ခံစားရတယ်။ ဒါကြောင့် ဆရာ့သီချင်းတွေ နည်းနည်းများမယ်"လို့ သူမက ဆိုပါတယ်။

play

အချစ်ကို ရှာဖွေတွေ့ရှိခြင်း MTV ကိုလည်း ဧပြီ (၂၂)ရက်နေ့က ထွက်ရှိခဲ့ရာ ပရိသတ်နဲ့ထပ်တူကျခဲ့တဲ့ သီချင်းခွေလည်း ဖြစ်ပါတယ်။

Source : Morning Post Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video