Local Celebrity: ဗီလိန်ဇာတ်ရုပ်နဲ့တွေ့ရမယ့် ဖွေးဖွေး

3 Girl ရုပ်ရှင်ဇာတ်ကားကြီးကို စတင် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

play

 

လက်ရှိ ရိုက်ကူးနေတဲ့ 3 Girl ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖွေးဖွေးက ပရိသတ်မုန်းတဲ့ ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ကာရိုက်တာကလည်း သူမ တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်တစ်ခု ဖြစ်တယ်လို့လည်း ပြောပါတယ်။

play

 

"ဒီဇာတ်ကားကြီးထဲ ဗီလိန်ဇာတ်ရုပ်ပေါ့။ ခုခေတ် လူမုန်းနေတဲ့ ကာရိုက်တာပေါ့။ ကိုယ့်သူငယ်ချင်း ရည်းစားကို သွားကြိုက်တဲ့ ကောင်မလေး တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ရမှာပါ" လို့ သူမက ဆိုပါတယ်။

play

 

မင်းသားတစ်ယောက်နဲ့ မင်းသမီး သုံးယောက် ပါဝင်ထားတဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် ပရိသတ်တွေ အတွက်လည်း ကြည့်လို့ ကောင်းမယ့် ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်။

Source : Morning Post Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ