Local Celebrity: မန္တလေးပရိသတ်နဲ့တွေ့ဖို့အဆင်သင့်ဖြစ်နေတဲ့ ဝတ်မှုံရွှေရည်

မေ (၂၂)ရက်နေ့မှာ မန္တလေး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံသွားမယ်လို့ သိရပါတယ်။

play

 

လာမယ့် မေ (၂၂) ရက်နေ့ တနင်္ဂနွေနေ့မှာ မန္တလေး ပရိသတ်တွေနဲ့ ဝတ်မှုံရွှေရည်တို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ကိုလည်း သူမကိုယ်တိုင်က အဆင်သင့်ဖြစ်နေကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးထားပါတယ်။

play

 

" မန္တလေး ပရိတ်သတ်တွေနဲ့ တရင်းတနှီးတွေ့ဖို့ အဆင့်သင့် ဖြစ်နေပါပြီ။ ကစ်ရဲ့ ပရိတ်သတ်တွေ ရော Ready ပါပဲလား။အစီစဉ်လေးတွေ ဆွဲထားတယ်နော်"လို့ သူမက ဆိုပါတယ်။

play

 

တွေ့ဆုံပွဲကို မင်္ဂလာမန္တလေးမှာ ကျင်းပသွားမည်ဖြစ်ပြီး သူမနဲ့အတူ အဆိုတော် Ar-T ရဲ့ ဖျော်ဖြေမှုများနဲ့ ဆန်းထွဋ် ရဲ့ ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်များ အပါအဝင် နောက်ထပ် အစီအစဉ်တွေ အများကြီးလည်း ပါဝင်တယ်လို့ သူမက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ