Local Celebrity: ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ့် ယွန်းယွန်း

လက်ရှိမှာတော့ MHR မှာ စီမံခန့်ခွဲရေးနဲ့သက်ဆိုင်တဲ့ ဘာသာရပ်ကို သင်ယူနေတယ်လို့ သိရပါတယ်။

play

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ခုနဲ့အောင်မြင်ခဲ့တဲ့ ယွန်းယွန်းက ပညာရေး တစ်ဖက်နဲ့ အနုပညာအလုပ်ကို ကြိုးစားပြီး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ စီးပွားရေးဘက်ကို စိတ်ဝင်စားတယ့် သူမက ယခုလက်ရှိမှာလည်း UK ကပေးတဲ့ ဘွဲ့ရရှိမယ့် စီမံခန့်ခွဲရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်ကို သင်ယူနေတယ်လို့ သိရပါတယ်။

play

 

ပြည်တွင်းပညာရေးပိုင်းကိုလည်း အမှတ်စာရင်းထွက်လာမယ့် ဘယ်ဘာသာရပ်ကို သင်ယူရမလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် အမှတ်စာရင်းသိရတာနဲ့ ပရိသတ်တွေကို အသိပေးမှာပါလို့ ဆိုပါတယ်။

play

 

ပညာရေးကြောင့် တစ်နှစ်လောက်နားခဲ့ရတဲ့ အနုပညာအလုပ်တွေကို အတိုးချပြီး ပြန်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ