Local Celebrity: ဦးကင်းကောင် ဆုံးပြီဆိုတာ မမှန်ပါ

ဒီနေ့မနက် ဖေ့စ်ဘွတ်ပေါ်မှာ ဂယက်ထစေခဲ့တဲ့ သတင်းတစ်ခုလည်း ဖြစ်ပါတယ်။

play

 

ဒီနေ့မနက်မှာ ဦးကင်းကောင် နှလုံးအဆီဖုံးရောဂါနဲ့ ဆုံးပြီဆိုတဲ့ သတင်းတစ်ပုဒ်ကို Page တစ်ခုက တင်လိုက်ပါတယ်။ အဲ့ဒါကို တင်ပြီးနောက်ပိုင်းမှာ ဦးကင်းကောင်ရဲ့ ပရိသတ်တွေ အနုပညာအသိုင်းအဝိုင်းက လူတွေ စိုးရိမ်နေကြတာကြောင့် ဦးကင်းကောင်နဲ့ နီးစပ်ရာ သရုပ်ဆောင် ဦးငှက်ပျောကျော်ကို ဖုန်းဆက်ပြီး မေးခဲ့ရာ ဒီသတင်းက မမှန်ပါဘူးလို့ပြောပြခဲ့ပါတယ်။

play

 

"အဲ့သတင်းနဲ့ပတ်သက်ပြီး ဦးငှက်ဆီဖုန်းဆက်နေကြတာ အယောက်၂၀ကျော်ပြီ။ အားလုံးကလည်း စိုးရိမ်သွားကြတယ်။ ဒါပေမဲ့ ဦးကင်းကောင်နဲ့ မနက်(၁၀)နာရီလောက်က ဖုန်းရခဲ့ပါတယ်။ သူဘာမှမဖြစ်ပါဘူး"လို့ ဦးငှက်ပျောကျော်က အတည်ပြုခဲ့ပေးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ