Local Celebrity: ဒါရိုက်တာ ပြောင်းလိုက်တဲ့ နှင်းဆီစကားထာ ဇာတ်လမ်းတွဲ

ဒါရိုက်တာ ညိုမင်းလွင်နေရာမှာ ဒါရိုက်တာ မောင်ပြည့်ဝ( ပန်းဝေသီ)နဲ့ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

play

အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့တဲ့ နှင်းဆီစကားထာ ဇာတ်လမ်းတွဲကို ဒါရိုက်တာ ပြောင်းပြီး ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အစပိုင်းမှာ ဒါရိုက်တာညိုမင်းလွင်နဲ့ ရိုက်ကူးဖို့ စီစဉ်ထားရာက ညိုမင်းလွင်ကိုယ်တိုင်ကလည်း ဒါရိုက်တာပြောင်းပြီး ရိုက်ချင်ရိုက်ပါလို့ ဆိုလာတာကြောင့် ဒါရိုက်တာ ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

နှင်းဆီစကားထား ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင်သစ်များနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပြီး ရိုက်ကူးရေးကို သြဂုတ်လထဲတွင် စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မျက်နှာသစ်သရုပ်ဆောင်အမျိုးသမီး အမျိုးသား ၁၄ ဦးကို ရွေးချယ်ထားပြီး ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)က သင်တန်းနှစ်လပေးသွားပြီး ရိုက်ကူးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကို အပိုင်း၂၀ ခန့် ရိုက်ကူးပြီး မြဝတီရုပ်သံမှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ