Local Celebrity: ထာဝရအမေ ရုပ်ရှင်ဇာတ်လမ်းကို သားဖြစ်သူနဲ့ အတူ ရိုက်ကူးမယ့် စင်ရော်မောင်မောင်

, updated

သားဖြစ်သူ မင်းသန့်မောင်မောင်မှ တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

play

 

စင်ရော်မောင်မောင်နဲ့အတူ သားဖြစ်သူ မင်းသန့်မောင်မောင်တို့မှ " ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လအတွင်းမှာ ဖန်တီးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖေဖြစ်သူရဲ့ ဘေးနားမှာ တွဲဖက်ဒါရိုက်တာ အဖြစ်ပါဝင်သွားမယ့် မင်းသန့်မောင်မောင်ကလည်း ကြိုးစားတင်ဆက်သွားမယ်လို့ ဆိုပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်လမ်းက ၁၉၅၀ခုနှစ်ကနေစပြီးတော့ ဒီနေ့ခေတ်ကာလအထိ အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး အဲဒီဇာတ်ကားမှာ အကယ်ဒမီနေတိုး၊ အကယ်ဒမီ ရဲအောင်၊ ထွန်းကိုကို၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီဝတ်မှုံရွှေရည် နဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်မှာ ဖြစ်သလို "ထာဝရအမေ"ဇာတ်ကားကို ဇူလိုင်၂၁ ရက်နေ့မှာ စပြီး ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : မင်းသန့်မောင်မောင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ