Local Celebrity: သားကြီးရဲ့ " ကောင်းသောနေ့ဖြစ်ပါစေ" စီးရီး ဇွန်(၂၅)မှာ ထွက်ရှိမည်

ဒီအခွေဟာ သားကြီးရဲ့ စတုတ္ထမြောက် စီးရီးလည်း ဖြစ်ပါတယ်။

play

 

အရင်အခွေများနဲ့ မတူတဲ့ မြူးဇစ်ပုံစံတွေ ပါဝင်တဲ့ "ကောင်းသောနေ့ဖြစ်ပါစေ" စီးရီးကို ဇွန်(၂၅) ရက်နေ့တွင် ထွက်ရှိမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်များ ပါဝင်ထားပြီး မြန်မာပြည်မှာတွေ့ရခဲတဲ့ ဂျက်မြူးဇစ်အမျိုးအစားကို ဒီသီချင်းခွေမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

play

 

စီးရီးထွက်ရှိတဲ့ ဇွန်(၂၅) ရက်နေ့လှည်းတန်းစင်တာတွင် ညနေ(၄)နာရီကစလို့ ပရိုမိုးရှင်းပြုလုပ်ပြီး ပရိသတ်တွေအတွက် ပျော်စရာကောင်းတဲ့အစီအစဉ်တွေ ပါဝင်ထားတယ်လို့ သားကြီးက ဆိုပါတယ်။

play

 

အဆိုတော် သားကြီးက ပီယဆေး၊ ဆယ်ပုံတစ်ပုံ၊ ဘိုကပြား အစရှိတဲ့ တေးစီးရီးတွေနဲ့ အောင်မြင်မှုရရှိထားသလို အခုထွက်ရှိမယ့် "ကောင်းသောနေ့ဖြစ်ပါစေ" စီးရီးကလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့် အခွေတစ်ခွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ