Local Celebrity: သီချင်းသစ်ဖြန့်ဖို့ ပြင်ဆင်နေတဲ့ ချောစုခင်

စီးရီးသစ်က ထွက်ဖို့ ကြာဦးမယ်လို့ ဆိုပါတယ်။

play

 

ပရိသတ်အခိုင်အမာရရှိထားတဲ့ ချောဆုခင်ကတော့ Single သီချင်းတစ်ပုဒ် ဖြန့်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ စီးရီးတစ်ခွေလုံးထွက်ဖို့က ကြာဦးမှာ ဖြစ်တဲ့အတွက် သီချင်းသစ်တစ်ပုဒ်လောက် အရင်ဖြန့်ချိသွားမှာ ဖြစ်ပြီး အဲ့အတွက်လည်း သီချင်းတွေ ရွေးနေတယ်လို့ ဆိုပါတယ်။

play

 

တစ်ပုဒ်တည်းဖြန့်မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေ ကြိုက်မယ့်သီချင်းနဲ့ ကောင်းတဲ့သီချင်းမျိုးကို ရှာနေတယ်လို့ သိရပါတယ်။ သူငယ်ချင်းတွေရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေနေတဲ့ သူမအတွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကတော့ အချိန်အခါပေးလာတဲ့အခါ ဖြစ်လာမှာပေါ့လို့ ဆိုပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ