Local Celebrity: ပန်းဒေါင်းဇာတ်ကားနဲ့ လူမင်းကို ဒါရိုက်တာအဖြစ် မြင်တွေ့ရဦးမယ်

သရုပ်ဆောင်အနေနဲ့ ရိုက်ကူးဖို့ လက်ခံထားရာက ဒါရိုက်တာပါ လုပ်ဖြစ်သွားတယ်လို့ သိရပါတယ်။

play

 

စာရေးဆရာ လင်္ကာရည်ကျော်ရဲ့ ပန်းဒေါင်းဝတ္ထုကို ဒါရိုက်တာအဖြစ်ကော သရုပ်ဆောင်အဖြစ်ပါ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ယခင်က ဒီဇာတ်ကားကို ဒါရိုက်မီးပွား ရိုက်ကူးဖို့စီစဉ်ထားရာက မရိုက်ကူးဖြစ်တော့ဘဲ ဦးမီးပွားကိုယ်တိုင် လူမင်းကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ တိုက်တွန်းခဲ့ကြောင်း လူမင်းက ဆိုပါတယ်။

play

 

ဒီဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ပုံဖော်သွားမှာ ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်များက လူမင်း၊ ပိုင်ဖြိုးသု၊ နေဒွေး၊ ဇေယျနဲ့ ရတနာဗိုတို့ ပါဝင်ထားကြောင်းသိရပါတယ်။

play

 

ပရဟိတအကြောင်းကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းနေရာကို ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် သွားရောက်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

play

 

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ