play

 

အဖေနဲ့ပတ်သက်လို့ ပြောစရာတွေ အမှတ်တရတွေ အများကြီး ရှိနေတဲ့ ကျော်ကျော်ဗိုအတွက် တစ်ခုထဲကို Highlight လုပ်ပြီး ပြောဖို့ခက်တယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ဖခင်နေရာကို ရောက်ရှိနေတဲ့ အတွက် ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ရင်ထဲမှာ ထဲထဲဝင်ဝင် ပိုသိလာတယ်။

play

 

ဖခင်မေတ္တာတရားကို တရားသဘောနဲ့ ကြည့်ရင် သားသမီးအပေါ်မှာ ဖြစ်စေချင်တဲ့ လောဘတွေ ဖြစ်လာတယ် စိတ်ထက်သန်မှုတွေ ဖြစ်လာတယ် မတိုက်တွန်းဘဲ သားသမီးအတွက် ကြိုးစားချင်စိတ်တွေ ဖြစ်လာတာက မိဘတိုင်းပဲ ထင်ပါတယ်လို့ ဆိုပါတယ်။

play

 

လူတိုင်းက ဘယ်သူမှ ပြည့်စုံတဲ့သူ မရှိတဲ့အတွက် သူလည်း အဖေ့အတွက် ပြီးပြည့်စုံတဲ့ သားတစ်ယောက် ဖြစ်ခဲ့မှာ မဟုတ်သလို သမီးအတွက်လည်း ပြီးပြည့်စုံတဲ့ ဖခင်တစ်ယောက် ဖြစ်မယ် မထင်ပါဘူးလို့ ဆိုပါတယ်။

play

 

သမီးလေးကလည်း ကျော်ကျော်ဗိုအတွက် အလိုက်သိ လိမ္မာတဲ့ သမီးလေးတစ်ယောက်လို့လည်း ပြောပြခဲ့ပါတယ်။

Source : 8days Journal

Photo  : ကျော်ကျော်ဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video