Local Celebrity: ဥသြဆွဲသံတွေကြားထဲ ခံစားလိုက်ရတဲ့ မေခလာရဲ့ ခံစားချက်

၂၀၁၆ ဇူလိုင် ၁၉ ရက်နေ့မှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်လို့ သူမက ဆိုပါတယ်။

play

 

ဇူလိုင်လ(၁၉)ရက်နေ့ အာဇာနည်နေ့ မနက် (၁၀)နာရီ(၃၇)မိနစ်မှာ ကြားလိုက်ရတဲ့ ဥသြဆွဲသံတွေကြားထဲက ခံစားလိုက်ရတဲ့ ခံစားချက်တစ်ချို့ကိုတော့ မေခလာက သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရင်ဖွင့်လို့ထားပါတယ်။

"ငယ်ငယ်ကတည်းက ပြေးလွှားဆော့ကစားရင်း ရထားဥသြဆွဲသံကို ကြားတဲ့အခါ ပြေးရင်းက ရပ်တန့်ပြီး ဗိုလ်ချုပ်တို့ကို အလေးပြုခဲ့ကြတာကို ပြေးမြင်မိပါတယ်။ စာသင်တော့လည်း သင်ရိုးညွှန်းတန်းတွေထဲမှာ (၁၉)ဇူလိုင် မမေ့နိုင် ဆိုတာကိုလဲ ရွတ်ဖတ် သီဆိုခဲ့ကြတယ်။ အရမ်းအားကျခဲ့တဲ့ ကျွန်မတို့ရဲ့ သူရဲကောင်းအဖြစ် နှလုံးသားထဲမှာ နှစ်ပေါင်းများစွာ စွဲတည်ခဲ့ပါတယ်။  နှစ်တွေကြာလို့ အဆိုတော်ဘဝမှာလဲ အာဇာနည်ခေါင်းဆောင်များအတွက် တေးသီချင်းတစ်ပုဒ်ကို မြန်မာ့ ရုပ်မြင်သံကြားမှာ သီဆိုခဲ့ ရိုက်ခဲ့ပေမဲ့ တစ်ကြိမ်သာလွင့် ပြီး ပျောက်သွားခဲ့တယ်။ ကိုထူးအိမ်သင်ရေးပြီး ကျွန်မဆိုခဲ့တဲ့ အိုမေမေရယ် သီချင်းလေးကိုလဲ မြန်မာ့ရုပ်မြင်သံကြားမှာရိုက်ခဲ့ပေမဲ့ လွှင့် ခွင့် တစ်ကြိမ်မှ မရခဲ့ပါဘူး။

ရထားဥသြ ဆွဲသံလေး မကြားရတော့ဘူး ကျွန်မတို့နောက် ခလေးငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းကို မေ့တေ့တေ့  သမိုင်းမှာလဲ ပျောက်ကွယ် သလောက် ရီစရာတစ်ခု ပြောရရင်ဖြင့် ဗမာ့ လွတ်လပ်ရေးကို ရအောင်ယူခဲ့တဲ့သူက ဘယ်သူလဲလို့မေးရင် ကလေးတွေက သီဟတင်စိုးပါလို့ ဖြေကြတဲ့အထိပါပဲ"လို့ ခံစားချက်အပြည့်နဲ့ ရင်ဖွင့်ခဲပါတယ်။

play

နှစ်လတွေ ပြောင်းလဲလို့  ယနေ့ ဇူလိုင်(၁၉)မှာ မြန်မာပြည်တစ်ဝှမ်းလုံး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အသိအမှတ်ပြု အရိုအသေပေး ဥသြဆွဲသံ ကားဟွန်းတီးသံများကို ကြားလိုက်ရတဲ့ အချိန်ခဏလေးအတွင်းမှာ ဝမ်းနည်းဝမ်းသာခံစားချက်များကို ခံစားလိုက်ရသလို အရမ်းလည်း ကြည်နူးမိတယ်လို့ သူမက ရေးထားပါတယ်။

Photo : မေခလာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ