Local Celebrity: အမေစုနဲ့တွေ့လို့ ခွန်အားတွေ ပြည့်ခဲ့ရတဲ့ ချစ်သုဝေ

ဒေါ်အောင်ဆန်းစုကြည်အိမ်မှာပြုလုပ်တဲ့ ဆွမ်းကျွေးအလှူကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဇူလိုင် (၁၉) ရက်နေ့ တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်တွင် ပြုလုပ်တဲ့ အာဇာနည်နေ့ ဆွမ်းကျွေးအလှူကို ချစ်သုဝေတို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

အမေစုနဲ့အတူ တွေ့ဆုံချိန် အခိုက်အတန့်မှာလည်း သူမအတွက် ခွန်အားတွေ ပြည့်ရပါတယ်လို့ ချစ်သုဝေရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

အမြွှာကိုယ်ဝန်ကို လွယ်ထားရပြီ ဖြစ်တဲ့ ချစ်သုဝေက အနုပညာလှုပ်ရှားမှုများ ခဏနားထားပေမယ့်လည်း ရန်ကုန်ရှိုးပွဲလေးတွေတော့ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။

Photo : ချစ်သုဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ