Local Celebrity: လူကြီးတွေရှေ့မှာ ဖြေရှင်းခဲ့ရတဲ့ ဖေ့စ်ဘုတ်ရွာ ပြဿနာ

ဇာတ်လမ်းကျောရိုးကူးယူထားတယ်လို့ စွပ်စွဲမှုကို ပြန်လည်ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

play

 

"ဖေ့စ်ဘုတ်ရွာ" ဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်လမ်းကျောရိုးကူးယူတယ်လို့ စွပ်စွဲခံထားရတဲ့အပေါ်ကို ပြန်လည်ဖြေရှင်းပြီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်(၁၄)ရက်က စာရေးဆရာသန်းထိုက်လူက ဖေ့စ်ဘုတ်ရွာဇာတ်ကားမှာ ဇာတ်လမ်းကျောရိုးခိုးယူခဲ့ရတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ သွားရောက်တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်(၁၅)ရက်နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် စာရေးဆရာသန်းထိုက်လူ၊ ဒါရိုက်တာ ရာဇဝင်ကိုနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ တာဝန်ရှိသူများ တွေ့ဆုံဖြေရှင်းခဲ့ရာ တိုင်ကြားတဲ့သူမှာ ဘာမှရေရေရာရာမရှိသလို ဇာတ်လမ်းကျောရိုးတူတယ်ဆိုတာလည်း မဟုတ်ဘူးလို့ သိရပါတယ်။ ဖေ့စ်ဘုတ်ရွာဇာတ်လမ်းမှာလည်း ဒါရိုက်တာရာဇဝင်ကို ကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ သိရပါတယ်။

ှSource : 7day Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ