Local Celebrity: စင်ရော်မောင်မောင်နဲ့ မေသန်းနု ပြန်လက်တွဲပြီ

, updated

ရုပ်ရှင်မရိုက်တာ (၂)နှစ်ရှိပြီ ဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်လည်း ဇာတ်ကားပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

play

 

ရုပ်ရှင်မရိုက်တာ (၂)နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က "အမေနဲ့ ကျွန်တော်" ဝတ္တုကို "ထာဝရမေမေ" နာမည်နဲ့ ရုပ်ရှင်ပြန်ရိုက်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးအခမ်းအနားကိုလည်း ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ နံနက်(၈း၃၀)က ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

အဲ့ဒီဇာတ်ကားမှာ အကယ်ဒမီ မေသန်းနုလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ ပြန်လည် ရိုက်ကူးဖြစ်တဲ့ ဒီဇာတ်ကားမှာ သားဖြစ်သူ မင်းသန့်မောင်မောင် ကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီသွားမယ်လို့ သိရပါတယ်။

play

"ထာဝရမေမေ" ဇာတ်ကားကို ဇူလိုင်(၂၁) ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး နေတိုး၊ ရဲအောင်၊ ထွန်းကိုကို၊ မေသန်းနု၊ ဝတ်မှုံရွှေရည်၊ ပိုးအိအိခန့်တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : မင်းသန့်မောင်မောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ