Local Celebrity: နေတိုးနဲ့အတူ သီချင်းတွဲဆိုမယ့် မင်းသွေး

အကိုဖြစ်သူနဲ့ အတူဆိုထားတဲ့သီချင်းကို ပရိသတ်တွေ တွေ့ရတော့မယ်လို့ ဆိုပါတယ်။

play

 

အကိုဖြစ်သူ နေတိုးနဲ့အတူ တွဲဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို မင်းသွေးက သူရဲ့ "ထိုးစစ်" Music Video မှာ Bonus Track အနေနဲ့ ထည့်ပေးသွားမယ်လို့ သိရပါတယ်။

play

 

နေတိုးနဲ့အတူ တွဲဆိုဖို့ "အသည်းမာတဲ့ကောင်" သီချင်းကို ရွေးထားတယ်လို့ သူက ဆိုပါတယ်။

အကိုဖြစ်သူနဲ့ ရုပ်ရှင်ဇာတ်ကားလည်း ရိုက်ကူးဖို့ ရှိပြီး ယခုလောလောဆယ်မှာ "ထိုးစစ်" MTVကို ပုံဖော်ရိုက်ကူးနေသလို ရိုက်ထားတဲ့ Music Video စက္ကန့်သုံးဆယ်စာလောက်ကို သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း တင်ပေးထားတယ်လို့ သိရပါတယ်။

Source : Popular News

Photo  : မင်းသွေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ