Local Celebrity: "အဖေ့ကျောင်း" ဇာတ်ကားနဲ့ ရဲတိုက်ကို ပြန်မြင်ရတော့မယ်

သြဂုတ်လဆန်းပိုင်းမှာ ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရဲတိုက် ပါဝင်သရုပ်ဆောင်ထားတဲ့ "အဖေ့ကျောင်း" ဇာတ်ကားကို သြဂုတ်လဆန်းပိုင်းမှာ ဆာတိုရီထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play
"အဖေ့ကျောင်း" ရိုက်ကွင်းမှ ဓာတ်ပုံ

 

ထိုင်းနိုင်ငံ ရွှေ့ပြောင်းလုပ်သားများအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ အဲ့ဒီဇာတ်ကားမှာ ရိုက်ကူးထားတာ သုံးနှစ်ကျော်လောက် ရှိပြီလို့ သိရပါတယ်။

"အဖေ့ကျောင်း" ဇာတ်ကားမှာ ရဲတိုက်၊ကောင်းပြည့်၊ ချစ်သုဝေ၊ သန္တာဗိုတို့က အဓိက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

play
"အဖေ့ကျောင်း" ရိုက်ကွင်းမှာ တွေ့ရတဲ့ ရဲတိုက်

 

ရဲတိုက်ကို လွမ်းနေတဲ့ သူ့ရဲ့ ပရိသတ်တွေအတွက် အလွမ်းပြေစေမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ