play

 

တေးသံရှင် ထူးအိမ်သင်ရဲ့ နာမည်ကြီးခဲ့တဲ့ "နာရီပေါ်က မျက်ရည်စက်များ" သီချင်းကို Idol Acoustica Album ထဲမှာ ပြန်ဆိုထားတဲ့ ခိုင်သဇင်သင်းက ဝေဖန်ခံရမှာ ကြောက်တယ်လို့ ဆိုပါတယ်။

play

 

အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ကို ကိုယ်ပြန်ဆိုလိုက်မှ ဝေဖန်ခံရမှာကို ကြောက်ခဲ့တာကြောင့် အားလုံးကို သေသေချာချာလေး ကြိုးစားထားခဲ့တယ်လို့  သူမက ပြောပါတယ်။

play

 

သူမကိုယ်တိုင်က ဝေဖန်ခံရမှာကို ကြောက်ခဲ့ပေမယ့်လည်း ပရိသတ်တွေက အဆင်ပြေတယ်လို့ ပြောတာကြောင့် အရမ်းလည်း ဝမ်းသာမိတယ်လို့အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

သူမအနေနဲ့ လက်ရှိမှာ စုံတွဲသီချင်းတွေ ဆိုဖြစ်နေသလို MTV တွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video