Local Celebrity: ဖခင်နဲ့အတူ ဂီတဖျော်ဖြေပွဲလုပ်မယ့် အိမ့်ချစ်

ဂီတဖျော်ဖြေပွဲကို (၅၂၈) ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။

play

 

အဆိုတော် အိမ့်ချစ်က ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ နှစ်ယောက်တွဲ ဂီတဖျော်ဖြေပွဲ ပြုလုပ်မယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။ ပရိသတ်များကလည်း သူမတို့သားအဖနှစ်ယောက်ရဲ့ ဖျော်ဖြေပွဲကြီးကို ကြည့်ချင်နေပြီလို့ ကောမန့်များမှာ ပြန်လည် ပြောထားကြပါတယ်။

play

 

အဲ့ဒီ ဂီတဖျော်ဖြေပွဲကိုတော့  (၅၂၈)လို့ နာမည်ပေးထားပြီး စက်တင်ဘာလထဲမှာ လုပ်ဖို့ အစီစဉ်ဆွဲထားတယ်လို့ သူမက ဆိုပါတယ်။

ယခုလက်ရှိမှာ သူမက ရှိုးပွဲတွေ သီဆိုဖြစ်နေသလို (၅၂၈)ရှိုးပွဲအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေ တယ်လို့သိရပါတယ်။

Photo : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ