Local Celebrity: ဟောလိဝုဒ်မှာ မှတ်ပုံတင်လိုက်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ" အောင်ဆန်း" ရုပ်ရှင်ဇာတ်ကားကို ဟောလိဝုဒ်တွင် မှတ်ပုံတင်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ စံမီရိုက်ကူးမည်ဖြစ်တာကြောင့် ဇာတ်ကားမူပိုင်ခွင့်အတွက် ဟောလိဝုဒ်တွင် မှတ်ပုံတင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ စံမီရိုက်ကူးမျာ ဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ကုန်ကျစရိတ်များမှာ ဖြစ်ပြီး လက်ရှိငွေကြေးနဲ့ မလောက်ငှဘူးလို့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးမှ တာဝန်ရှိသူ ဦးဇာဂနာက အင်တာဗျူးတစ်ခုတွင် ဖြေထားပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် ထုတ်လုပ်ရေး ရုံးခန်းဖွင့်လှစ်တဲ့နေမှ စကာ ဇာတ်ကားဖြစ်မြောက်ရေးအတွက် ဒေသအသီးသီးမှ လာရောက်လှူဒါန်းကြပေမယ့်လည်း ပြေတီဦးနဲ့ နေတိုးတို့ဇာတ်ကား တစ်ကားစာလောက်တောင် မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားအလှူငွေများပေမယ့်လည်း မယူခဲ့ဘူးလို့လည်း သိရပါတယ်။ ဇာတ်ကားရိုက်ကူးဖို့ကိုလည်း အားလုံးသေချာပြန်တိုင်ပင်အခုချိန်မှာ ဇာတ်ကားအတွက် ဘာအလှူငွေရှာဖွေရေးမှ မလုပ်ချင်ဘူးလို့ သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ