Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်း အနုပညာသတင်းများ

ဓူဝံရဲ့ ပရိသတ်တွေအတွက် တစ်ပတ်အတွင်း လူကြိုက်အများဆုံးနဲ့ စိတ်အဝင်စားဆုံး သတင်းများကို ပြန်လည် စုစည်းတင်ပြလိုက်ပါတယ်။

play

 

ကိုယ်ဝန်ဆောင် ဆုပန်ထွာရဲ့ အလှဓာတ်ပုံများ

ဆုပန်ထွာက ဇူလိုင်(၁၇)ရက်နေ့က  မဂ္ဂဇင်းကာဗာ တစ်ခုအတွက် အလှဓာတ်ပုံများ ရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။

ဆုပန်ထွာကတော့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကိုယ်ဝန်နဲ့ အလှဓာတ်ပုံများကိုလည်း အဆက်မပြတ် ရိုက်ကူးနေရသူလည်း ဖြစ်ပါတယ်။

play

ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ခိုင်သင်းကြည်

ပရိသတ်အားပေးမှု ရရှိနေတဲ့ "ဖေ့စ်ဘုတ်ရွာ" ဇာတ်ကားကြီးထဲမှာ ပရိသတ်တွေကြား ရေပန်းစားနေသူကတော့ လေဒီဂါဂါဖက်ရှင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည် ဖြစ်ပါတယ်။

အရူးမလေး လေဒီဂါဂါအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ရုံတင်မပြမီ အချိန်ကတည်းက သစ်ရွက်အင်္ကျိကို ကြက်ခြင်းစွပ်ထားတဲ့ ဖက်ရှင်က ပရိသတ်တွေကို ရုပ်ရှင်ဇာတ်ကားကြီး ကြည့်စေဖို့ တွန်းအားပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

play

 

စင်ရော်မောင်မောင်နဲ့ မေသန်းနု ပြန်လက်တွဲပြီ

ရုပ်ရှင်မရိုက်တာ (၂)နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်က "အမေနဲ့ ကျွန်တော်" ဝတ္တုကို "ထာဝရမေမေ" နာမည်နဲ့ ရုပ်ရှင်ပြန်ရိုက်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးအခမ်းအနားကိုလည်း ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်မှာ နံနက်(၈း၃၀)က ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

Accident ဖြစ်ပြီး ပြိုင်ပွဲမပြိုင်နိုင်တော့တဲ့ အလှမယ် နန်းသီရိဝင်း

Miss Golden Land Myanmar  2016 ရွေးချယ်ပွဲကို မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Mandalay Region 2016 နန်းသီရိဝင်းသည် ဇူလိုင်(၁၉) ရက်နေ့ ညနေ ရန်ကုန်သို့ ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေတဲ့ အချိန်တွင် အက်စီးဒင့် တစ်ခုဖြစ်ပွားခဲ့တာကြောင့် ပြိုင်ပွဲမဝင်နိုင်တော့ဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ