Local Celebrity: သူတို့ ဘာတွေလုပ်နေလဲ

အနုပညာရှင်တစ်ချို့ရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုများကို စုစည်းပေးလိုက်ပါတယ်။

play

ခန့်စည်သူ

play

လက်ရှိမှာ "သေသွားမယ် ရှင်သွားမယ် မသေမရှင်ဖြစ်သွားမယ်" ဆိုတဲ့ဗီဒီယိုဇာတ်ကားလေး ရိုက်ကူးဖို့ရှိတယ်။ ဇူလိုင်(၂၅) ရက်နေ့မှာ "ဝိုင်းကြီးချုပ်" ကားလေးရိုက်ဖို့ရှိပါတယ်။

လွှမ်းပိုင်

play

"ကြွေ" ဇာတ်ကားလေးက မကြာသေးခင်ကပဲ ရိုက်ကူးပြီးသွားပါပြီ။ အခုလက်ရှိကတော့ ဒုတိယသီချင်းခွေထွက်ဖို့ ပြင်ဆင်နေပါတယ်။ နာမည်ကတော့ "ဆိုကရေးတီလွှမ်းပိုင်" လို့ အကြမ်းဖျင်းပေးထားပါတယ်။

ဝတ်မှုံရွှေရည်

play


လက်ရှိမှာ "ထာဝရမေမေ" ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေပါတယ်။မိဘမေတ္တာကို အခြေခံထားတဲ့ ဇာတ်ကားပေါ့။ အမေကိုချစ်တဲ့ သမီးတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ကျေလည်းကျေနပ်ပါတယ်။  အခု ခေတ်မှာလည်း မိဘမေတ္တာ ဇာတ်ရိုက်ကူးမှု့လည်း နည်းနည်းရှားတယ်။နောက် ၁၉၆၀ခုနှစ်နဲ့ ၁၉၇၀ခုနှစ်ကြား ကာလထဲ မှာ ကစ်ကပါဝင်သရုပ်ဆောင်ရမှာပါ။ အသက်ကြီးတဲ့ အထိပါဝင်သရုပ်ဆောင် ရမှာပါ။

အိချောပို

play


လွှမ်းပိုင်နဲ့ "ကြွေ" ဇာတ်ကား ရိုက်ကူးပြီးလို့ အခုလက်ရှိမှာတော့ "ပခြုပ်ထဲကမြွေ" ဇာတ်ကားရိုက်ကူးနေပါတယ်။ ဒါရိုက်တာ သားညီနဲ့အတူ မင်းသားက မြတ်သူကျော်နဲ့ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ