Local Celebrity: သြဂုတ်လ (၁)ရက်နေ့မှာ ဖြန့်မယ့် ဆုန်သင်းပါရ်ရဲ့ စီးရီး

ကိုယ်ပိုင် သီချင်းများ ပါဝင်ထားတဲ့ စီးရီးခွေလည်း ဖြစ်ပါတယ်။

play

 

ဆုန်သင်းပါရ်ရဲ့ "အထင်ကရတေးများ-၁" Live Show အခွေကို သြဂုတ်လ(၁)ရက်နေ့မှာ ဖြန့်ချိတော့မယ်လို့ သိရပါတယ်။

အဲ့ဒီအခွေထဲမှာ ကိုယ်ပိုင်သံစဉ် သီချင်း စုစုပေါင်း ၁၃ပုဒ်ပါဝင်ထားပြီး ပရိသတ်များ ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းများလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုတော် ဆုန်သင်းပါရ်က ၂၀၁၅ခုနှစ်ထဲတွင်  ဂီတသက်တမ်း (၁၅) နှစ်ပြည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီဖျော်ဖြေပွဲတွင် သီဆိုခဲ့တဲ့ သီချင်းများမှာကိုယ်ပိုင်သံစဉ်တွေကို စုစည်းကာ ယခုလို "အထင်ကရတေးများ-၁"ဆိုပြီး အခွေထုတ်လိုက်တာ ဖြစ်သလို " အထင်ကရတေးများ-၂" အခွေလည်း ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : 7day News

Photo  : ဆုန်သင်းပါရ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။