Local Celebrity: ကြော်ငြာရိုက်ရင်း ပရိသတ်တွေနဲ့တွေ့ဆုံခဲ့တဲ့ ဗီယက်နမ်အလှမယ်

မြန်မာပလာဇာရှိ စိန်နန်းတော် ဆိုင်မှာ ပရိသတ်များနဲ့ တွေ့ဆုံကာ အမှတ်တရ လက်မှတ်ထိုးပေးခဲ့တယ်လို့ သိရပါတယ်။

play


ကြော်ငြာရိုက်ကူးဖို့ မြန်မာနိုင်ငံကို နောက်ထပ်တစ်ဖန် ရောက်ရှိလာတဲ့ ငုရင်ထရန်ဟုရန်မေက ဇူလိုင်(၂၃)ရက်နေ့ ညနေက မြန်မာပလာဇာမှာ ရှိတဲ့ စိန်နန်းတော် စိန်ရွှေရတနာဆိုင် အတွက် ကြော်ငြာရိုက်ကူးရင်း ဆိုင်ကို လာတဲ့ ပရိသတ်များနဲ့ တွေ့ဆုံကာ အမှတ်တရ လက်မှတ် ထိုးပေးခဲ့တယ်လို့ သိရပါတယ်။

play


အဲ့ဒီပွဲမှာ သူမနဲ့အတူ ထွန်းကိုကိုလည်း ပါဝင်တယ်လို့ သိရပါတယ်။

play


ငုရင်ထရန်ဟုရန်မေက ဇူလိုင်(၂၂)ညက မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပြီး ဇူလိုင် (၂၃)မှာ ကြော်ငြာများ ရိုက်ခဲ့ပါတယ်။

play


ဇူလိုင်(၂၄)ရက်နေ့ နံနက်ပိုင်းမှာ ဗိုလ်ချုပ်ဈေးကို သွားဖို့ စီစဉ်ထားပြီး ညနေပိုင်းမှာ ဗီယက်နမ်သို့ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ