play

 

နာမည်ကြီး သရုပ်ဆောင်တွေ များစွာ ပါဝင်ထားတဲ့ "စားတယ်" ရုပ်ရှင်ဇာတ်ကားကို အထူးပွဲကို ဇူလိုင် (၂၄) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၇)နာရီက သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။

play

 

အဲ့ဒီကားမှာ ပါဝင်တဲ့ သရုပ်ဆောင်များလည်း အထူးပွဲကို လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ "စားတယ်" ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်(၂၉) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

play

 

ရှေ့တွင် အောင်မြင်ခဲ့တဲ့ "ကိုတင့်တို့ စူပါရပ်ကွက်" ရဲ့ နောက်ဆက်တွဲ ဇာတ်ကားဖြစ်တဲ့ "စားတယ်" ဇာတ်ကားကို ကြားဖြတ်ရုံတင်ပြသွားမှာ ဖြစ်ပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မှာဆိုရင် ရှေ့ဆောင် ၊ မင်္ဂလာစံပြ ( ဘုန်းကြီးလမ်း ) ၊ Junction Square ၊ Junction Maw Tin ၊ ဂမုန်းပွင့် ( ကမာရွတ် - စံရိပ်ငြိမ် ) ၊ကန်သာယာ ( မ / ဥက္ကလာ ) ၊ Mega Ace ( တာမွေ ) ၊ မြရတနာ ( သာကေတ ) ၊မြဟံသာ ( သန်လျှင် )တို့တွင် ပြသသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video