Local Celebrity: ပရိသတ်တွေနဲ့အတူ အလှူလုပ်ခဲ့တဲ့ ဇွဲပြည့်

, updated

ဇွဲပြည့် Fan Group နဲ့အတူ ကျော်ကျော်ပိုင်မှူးလည်း ပါဝင်တယ်လို့ သိရပါတယ်။

play

 

ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့မှာ ရှိတဲ့ အလင်းသစ်ဦးတည်ရာ မိဘမဲ့ကလေးများ ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်းကို ဇွဲပြည့်နဲ့အတူ ဇွဲပြည့်ရဲ့ ပရိသတ်များ သရုပ်ဆောင် ကျော်ကျော်ပိုင်မှူးတို့က ဇူလိုင်(၂၃)ရက်နေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

"ပရိသတ်တွေနဲ့ စုပေါင်းလှူဒါန်းတဲ့အတွက် အရမ်းကို စိတ်ချမ်းသာခဲ့ရပါတယ်။ ကျွန်တော်တစ်ယောက်တည်းနဲ့လည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ချစ်တဲ့ သူတွေ ကျွန်တော့်ကိုချစ်တဲ့ သူတွေနဲ့ တစ်သားထဲရှိနေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်ဖြစ်ချင်တာကို သူတို့တူတူ ပူးပေါင်းပါဝင် ပေးကြပါတယ်။ သူတို့လှူစေချင်တဲ့ နေရာလေးတွေ ပြောကြတယ်။ တိုင်ပင်ပြီး တစ်ကယ်ခက်ခဲနေနဲ့နေရာ တစ်ကယ် အကူအညီလိုတဲ့ နေရာဆီ ပစ္စည်းတွေ ငွေတွေ ရောက်သွားတော့ ကျနော်တို့တွေ အားလုံး ဝမ်းသာပီတိ ဖြစ်ရပါတယ်" လို့ ဇွဲပြည့် ကပြောပါတယ်။

play

 

ဇွဲပြည့်က ပရိသတ်တွေနဲ့အတူ မိဘမဲ့ကလေးတွေအတွက် ငွေသားလေးသိန်းကျော်နဲ့ ပစ္စည်း(၇)သိန်းဖိုးခန့် သွားရောက်လှူဒါန်းခဲ့တယ်လို့ အဆိုတော်ဇွဲပြည့်က ပြောခဲ့ပါတယ်။

Photo : ဇွဲပြည့်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ