Local Celebrity: လွှတ်တော်ထဲ လေ့လာခဲ့တဲ့ မယ်စကြဝဠာများ

Miss Universe Mandalay 2016 ဆန်ခါတင်အလှမယ်များက သွားရောက်လေ့လာ ခဲ့တာ ဖြစ်ပါတယ်။

play

 

ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် ပြန်လည်စတင်တဲ့နေ့မှာ နေပြည်တော်ကို ရောက်ရှိနေကြတဲ့ မယ်စကြဝဠာမန္တလေး ၂၀၁၆ ဆန်ခါတင်အလှမယ်က လွှတ်တော်ထဲကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးရဲ့ ပထမနေ့နဲ့ ကြုံကြိုက်တာကြောင့် အလှမယ်တွေကို ကိုယ့်နိုင်ငံရဲ့ လွှတ်တော်သုံးရပ်ရဲ့ လှုပ်ရှားနေကြပုံတွေကို သိသင့်သိထိုက်တာကြောင့် လက်တွေ့လေ့လာစေခဲ့ခြင်းဖြစ်တယလို့  စီစဉ်သူက ပြောပါတယ်။

ဆန်ခါတင်အလှမယ်များအနေနဲ့ မန္တလေးတိုင်းပျဉ်းမနားမြို့ကို ကိုယ်စားပြုခဲ့သော မြန်မာနိုင်ငံရဲ့ ပထမဆုံးပြည်ထောင်စုမယ် ဒေါ်ခင်သန်းနုကို သွားရောက်ဂါရဝပြုမယ်လို့လည်း သိရပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ