play

 

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှာ မြန်မာ့သဘင်ကိုယ်စားပြု တေးသီချင်းပြိုင်ပွဲကြီးတစ်ခုကို တစ်နိုင်လု့ုး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြော်ငြာချက် ထုတ်ပြန်ထားပါတယ်။

play

 

သဘင်ကိုယ်စားပြု သီချင်းဆိုပြိုင်ပွဲအတွက် အမည်၊အနုပညာအမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန် လိမ်စာ အပြည့်အစုံ၊ တေးသီချင်းစာသား၊ တေးသီချင်း စီဒီ(၃)ချပ်၊ Notes တို့အား သြဂုတ်လ ၃၁ရက်နေ့တွင် နောက်ဆုံး ထားပြီးတော့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး(ဗဟို) ရုံးအမှတ်(၁၃၅)၊ ၂၁လမ်း(ထက်)၊လသာမြို့နယ်၊ ဖုန်း-၀၁ ၃၇၁၅၂၈သို့ ဆက်သွယ်ပေးပို့နိုင်တယ်လို့ သိရပါတယ်။

သဘင်ကိုယ်စားပြု သီချင်းဆိုပြိုင်ပွဲတွင် ရွေးချယ်ခံရပါက ဆုငွေ သိန်း(၅၀)တိတိကိုလည်း ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

Source : ဖိုးချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video