Local Celebrity: ရန်ပုံငွေပွဲကပြီး မိဘမဲ့ကလေးများကို လှူဒါန်းမယ့် စွမ်းဇာနည်

မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် ကပြမယ့် ပွဲလည်း ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်ဘက်တွင်မက သဘင်ဘက်မှာလည်း အောင်မြင်ကျော်ကြားတဲ့ စွမ်းဇာနည်က သြဂုတ်လ(၃) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့အတွက် ရန်ပုံငွေဖျော်ဖြေပွဲ တစ်ပွဲ ကပြဖျော်ဖြေမယ်လို့ သိရပါတယ်။

play

 

အဲ့ဒီပွဲက ရရှိတဲ့ အကျိုးအမြတ်အာားလုံးကို မိဘမဲ့ကလေးများအတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

play

 

(၂၆)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ကော မိဘမဲ့ကလေးများအတွက်ကော ကပြတဲ့ ရန်ပုံငွေပွဲကို သြဂုတ်(၃)ရက်နေ့ကနေ (၅)ရက်နေ့အထိ သုံးညတိုင်တိုင် မန္တလေးတောင်ခြေ၊ စန္ဒာမုနိဘုရားအရှေ့ဘက်မုဒ်မှာ မိုးလင်းတင်ပေါက် တင်ဆက်ကပြဖျော်ဖြေတင်ဆက်သွားမျာ ဖြစ်ပါတယ်။

Photo : စွမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ